ဟောရှေ 6:1 - မြန်မာ့စံမီသမ္မာကျမ်း1 လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible1 လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ကု သ ခြင်း၊ ရိုက် ဒဏ် ခတ် ခဲ့ သော် လည်း၊ ပတ် စည်း ခြင်း ကို ပြု စု မည့် ထာ ဝ ရ ဘု ရား ထံ ပြန် သွား ကြ ကုန် အံ့။ အခန်းကိုကြည့်ပါ။Judson Bible1 လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။