ဟာဒဒေဇာမင်းကြီးသည် လူလွှတ်၍ယူဖရေးတီးမြစ်တစ်ဖက်ကမ်းရှိ ဆီးရီးယားလူမျိုးတို့ကိုလည်း ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကိုဦးဆောင်၍ ဟေလံမြို့သို့ရောက်လာကြ၏။
ဆာလံ 60:1 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ ကိုယ် တော် သည် အ မျက် တော် ထား၍၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် ခွဲ လွှင့် တော် မူ လေ ပြီ။ စု သိမ်း တော် မူ ပါ။ Judson Bible အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တစ်ဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ |
ဟာဒဒေဇာမင်းကြီးသည် လူလွှတ်၍ယူဖရေးတီးမြစ်တစ်ဖက်ကမ်းရှိ ဆီးရီးယားလူမျိုးတို့ကိုလည်း ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကိုဦးဆောင်၍ ဟေလံမြို့သို့ရောက်လာကြ၏။
ဒါဝိဒ်မင်းကြီးသည် ဗာလပေရဇိမ်အရပ်သို့ ချီသွား၍ ထိုနေရာတွင် သူတို့ကို တိုက်ခိုက်လေ၏။ ဒါဝိဒ်မင်းကြီးက “ထာဝရဘုရားသည် ငါ့ရန်သူကို ရေကာတာကျိုးပေါက်ပျက်စီးသွားသကဲ့သို့ ငါ့ရှေ့တွင် ပျက်စီးစေလေပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုနေရာကို ဗာလပေရဇိမ် ဟုအမည်မှည့်ခေါ်လေ၏။
ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။
ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ထို့နောက် အာမဇိမင်းကြီးသည် ရဲရင့်စွာဖြင့် မိမိစစ်သည်တို့ကိုဦးဆောင်လျက် ဆားချိုင့်ဝှမ်းသို့ချီတက်ကာ စိရပြည်သားတစ်သောင်းကို ကွပ်မျက်နိုင်ခဲ့၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူ ချီတက်တော်မမူပါ။
သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်၍ အသရေပျက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူလည်း ချီတက်တော်မမူတော့ပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်တစ်ဖက်၌ထကြွသောသူတို့၏ဘေးမှ အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်တော်မူပါ။
ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော့်နာမတော်၏ဘုန်းအသရေတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကိုကယ်နုတ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
“ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။ ငါ၏အစေအပါးဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။
သို့ရာတွင် ကိုယ်တော်သည် သူ့ကို ငြင်းပယ်၍စွန့်ပစ်တော်မူပြီ။ ကိုယ်တော်ဘိသိက်ပေးထားသောသူကို အမျက်ထွက်တော်မူပြီ။
ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
ငါသည် ယုဒအမျိုးအနွယ်ကို ခွန်အားနှင့်ပြည့်စေမည်။ ယောသပ်အမျိုးအနွယ်ကို ကယ်တင်မည်။ သူတို့ကိုသနားစုံမက်သောကြောင့် ပြန်လည်ခေါ်ဆောင်လာမည်။ သူတို့သည် ငါမစွန့်ပယ်ဖူးသောသူကဲ့သို့ ဖြစ်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို ငါထူးမည်။
ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ
စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။