ဆာလံ 89:3 - မြန်မာ့စံမီသမ္မာကျမ်း3 “ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။ ငါ၏အစေအပါးဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။ အခန်းကိုကြည့်ပါ။Common Language Bible3-4 ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။ သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟု ငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 သင့် အ မျိုး အ နွယ် ကို ကာ လ အ စဉ် ငါ မြဲ မြံ စေ လျက်၊ သင့် ပ လ္လင် ကို လူ မျိုး အ ဆက် ဆက် တည် မြဲ စေ မည် ဟူ၍၊ အခန်းကိုကြည့်ပါ။Judson Bible3 ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုးအနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။