၂ ရာ 10:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဟာဒဒေဇာမင်းကြီးသည် လူလွှတ်၍ယူဖရေးတီးမြစ်တစ်ဖက်ကမ်းရှိ ဆီးရီးယားလူမျိုးတို့ကိုလည်း ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကိုဦးဆောင်၍ ဟေလံမြို့သို့ရောက်လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16 စု ရုံး စည်း ဝေး ပြန် သည့် ပြင် မြစ် ကြီး တစ် ဘက် ရှိ ရှု ရိပ် တပ် များ ကို လည်း ဟာ ဒ ဒေ ဇာ မင်း ခေါ် စေ ၍ ဟာ ဒ ဒေ ဇာ မင်း၏ ဗိုလ် ချုပ် ရှော ဗက် တပ် ဦး ချီ လျက် ဟေ လံ မြို့ သို့ ရောက် လာ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။ အခန်းကိုကြည့်ပါ။ |