ဆာလံ 60:10 - မြန်မာ့စံမီသမ္မာကျမ်း10 အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူဘဲနေပါမည်လော။ အခန်းကိုကြည့်ပါ။Garrad Bible10 အို ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ နှင့် ချီ ကြွ တော် မ မူ ဘဲ၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် ခဲ့ သော ကိုယ် တော် ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။