ဆာလံ 59:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible11 အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible11 အ ကျွန်ုပ် တို့ ဒိုင်း လွှား ဖြစ် တော် မူ သော အို အ ရှင် ဘု ရား၊ လူ မျိုး ချင်း တို့ သ တိ မ လစ် ကြ စေ ရန်၊ မ ကွပ် မျက် ဘဲ၊ အ လုံး အ ရင်း တော် အား ဖြင့် ခွဲ လွှင့် နှိမ့် ချ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ်ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။ အခန်းကိုကြည့်ပါ။ |