သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ဆာလံ 46:4 - မြန်မာ့စံမီသမ္မာကျမ်း မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။ Common Language Bible ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။ Garrad Bible မြစ် ချောင်း တော် များ သည်၊ ဘု ရား သ ခင်၏ မြို့ တော်၊ မြင့် မြတ် သော ဘု ရား ၏ ကိန်း ဝပ် ရာ ဌာ န တော် ကို ရွှင် လန်း စေ တတ် ၏။ Judson Bible မြစ်တစ်မြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသောမြို့တော်ကို ရွှင်လန်းစေတတ်၏။ |
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုလဲလျောင်းစေတော်မူ၏။ သာယာသောမြစ်နားသို့ ငါ့ကိုလမ်းပြတော်မူ၏။
ကိုယ်တော်၏အလင်းနှင့် ကိုယ်တော်၏သမ္မာတရားကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို ကိုယ်တော်၏ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ ကိုယ်တော်၏ကိန်းဝပ်တော်မူရာ တဲတော်သို့လည်းကောင်း ဦးဆောင်လမ်းပြလျက် ခေါ်ဆောင်သွားကြပါစေသော။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည်
ငါတို့ကြားခဲ့ရသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ မြို့တော်တည်းဟူသော ငါတို့ဘုရားသခင်၏မြို့တော်တွင် ငါတို့မြင်ရကြလေပြီ။ ဘုရားသခင်သည် ထိုမြို့တော်ကို ကာလအစဉ်အဆက်တည်စေတော်မူမည်။(စေလာ)
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုကြွလာတော်မူ၍ ၎င်းအပေါ် ရေကိုသွန်းဖြိုးစေလျက် အလွန်ကြွယ်ဝစေတော်မူ၏။ ဘုရားသခင်၏မြစ်သည် ရေနှင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ထိုသို့ပြင်ဆင်၍ လူတို့အား ကောက်ပဲသီးနှံများကိုပေးတော်မူ၏။
အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊
အို ထာဝရဘုရား၊ မြစ်တို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မြစ်တို့သည် မိမိတို့၏အသံကို ဟုန်းဟုန်းမြည်စေကြပါ၏။ မြစ်တို့သည် မိမိတို့၏လှိုင်းခတ်သံများကို ဟုန်းဟုန်းမြည်စေကြပါ၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
သင်သည် ငါ၏ပညတ်ချက်တို့ကို အာရုံစိုက်နားထောင်ခဲ့လျှင် သင်၏ကောင်းကျိုးချမ်းသာသည် မြစ်ရေကဲ့သို့ဖြစ်မည်။ သင်၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့ဖြစ်မည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊
ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။