ဆာလံ 87:3 - မြန်မာ့စံမီသမ္မာကျမ်း3 အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ) အခန်းကိုကြည့်ပါ။Common Language Bible3 အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။ အခန်းကိုကြည့်ပါ။Garrad Bible3 အို ဘု ရား သ ခင် ၏ မြို့ တော်၊ သင့် ကို ရည်၍၊ မင်္ဂ လာ စ ကား များ ကို မိန့် တော် မူ သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible3 အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။