ဗျာဒိတ် 21:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ဝိ ညာဉ် တော် ဝင် စား သူ ငါ့ ကို ကြီး မြင့် သော တောင် သို့ ခေါ် သွား လျက် ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည့် သန့် ရှင်း သော ယေ ရု ရှ လင် မြို့ တော် ကို ပြ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ကြီးမြင့်သောတောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို ကြီးမား၍ မြင့်မားသောတောင်သို့ ခေါ်ဆောင်သွားကာ ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်သည့် သန့်ရှင်းသောမြို့တော် ဂျေရုဆလင်မြို့ကို ကျွန်ုပ်အား ပြ၏။ အခန်းကိုကြည့်ပါ။ |
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။