Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဆာ​လံ 87 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ဘုရားသခင်၏မြို့တော်ဇိအုန်
ကောရ​သား​တို့​၏​ဆာလံ​သီချင်း

1 ကိုယ်တော်​ချထား​တော်မူ​သော အုတ်မြစ်​သည် သန့်ရှင်း​သော​တောင်​များ​ပေါ်၌​ရှိ​၏​။

2 ထာဝရဘုရား​သည် ယာကုပ်​အမျိုး​နေထိုင်​ရာ အရပ်​အားလုံး​တို့​ထက် ဇိအုန်​၏​မြို့​တံခါး​တို့​ကို ပို၍​နှစ်သက်​တော်မူ​၏​။

3 အို ဘုရားသခင်​၏​မြို့​တော်​၊ သင်​နှင့်​ပတ်သက်​သည့် ဂုဏ်ပြုချီးမွမ်း​ဖွယ်​ရာ​များ​ကို မြွက်ဆို​လျက်​ရှိ​၏​။(​စေလာ)

4 “​ငါ့​ကို​သိ​သော​သူ​တို့​ထဲတွင် ရာဟပ်​နှင့်​ဘေဘီလုံ​ကို ငါ​မှတ်သား​ထား​မည်​။ ဖိလိတ္တိ​ပြည်​၊ တိုင်ရာ​ပြည်​နှင့် အီသီယိုးပီးယား​ပြည်​တို့​ကို​လည်း ကြည့်ရှု​လော့​။ ဤ​သူ​သည် ထို​အရပ်​၌ မွေးဖွား​၏​။​”

5 ဇိအုန်​မြို့​နှင့်​ပတ်သက်၍​မူကား “​ဤ​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​။ ထို​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​”​ဟု မြွက်ဆို​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​ကိုယ်တိုင်​သည်​လည်း ထို​မြို့​ကို တည်မြဲ​စေ​တော်မူ​လိမ့်မည်​။

6 ထာဝရဘုရား​သည် လူမျိုး​တို့​ကို စာရင်းသွင်း​သောအခါ “​ဤ​သူ​သည် ထို​မြို့​၌ မွေးဖွား​၏​”​ဟု ရေးမှတ်​တော်မူ​လိမ့်မည်​။(​စေလာ)

7 သီချင်းဆို​သူ​များ​နှင့်အတူ ကခုန်​သူ​များ​က​လည်း “​ငါ​၏​စမ်းရေတွင်း​ရှိသမျှ​တို့​သည် သင်​၌​ရှိ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ