ဆာလံ 65:9 - မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုကြွလာတော်မူ၍ ၎င်းအပေါ် ရေကိုသွန်းဖြိုးစေလျက် အလွန်ကြွယ်ဝစေတော်မူ၏။ ဘုရားသခင်၏မြစ်သည် ရေနှင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ထိုသို့ပြင်ဆင်၍ လူတို့အား ကောက်ပဲသီးနှံများကိုပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။ အခန်းကိုကြည့်ပါ။Garrad Bible9 ကိုယ် တော် သည် မြေ ကြီး ကို ကြည့် ရှု လျက်၊ မိုး ရွာ စေ လျက်၊ ပြန့် ပြော စေ တော် မူ ပါ ၏။ ဘု ရား သ ခင်၏ မြစ် ချောင်း များ လည်း ရေ ပြည့် လျှံ လျက် ရှိ၏။ လူ တို့ အ ဖို့ စ ပါး ကို ပြု စု တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible9 မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုးကိုများစွာရွာစေလျက်၊ ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့မြေကိုပြုပြင်ပြီးမှ၊ မြေသားတို့အဖို့ စပါးကို ပြုပြင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။