ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ဆာလံ 27:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။ Common Language Bible ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။ Judson Bible ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ |
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
အကျွန်ုပ်၏ကျောက်ဆောင်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောအရှင် အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် အကျွန်ုပ်စိတ်နှလုံး၏အတွေးအကြံသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏မှီခိုရာဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို ငြင်းပယ်တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။
“ထာဝရဘုရား၌သာ ဖြောင့်မတ်ခြင်းရှိ၏။ အစွမ်းသတ္တိရှိ၏”ဟု ငါ့အား ပြောဆိုကြလိမ့်မည်။ သူတို့သည် ကိုယ်တော့်ထံသို့လာကြလိမ့်မည်။ ကိုယ်တော့်ကိုအမျက်ထွက်သောသူအပေါင်းတို့မူကား အရှက်ကွဲရလိမ့်မည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
သို့သော် ထာဝရဘုရားသည် အားကြီးသောစစ်သူရဲအဖြစ် ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အနိုင်မရဘဲ လဲကျကြလိမ့်မည်။ မအောင်မြင်ဘဲ အရှက်ကွဲအကျိုးနည်း ဖြစ်ကြလိမ့်မည်။ မမေ့ပျောက်နိုင်အောင် အစဉ်အသရေပျက်ကြလိမ့်မည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
အကြောင်းမူကား လူမျိုးခြားတို့အတွက်ပေါ်ထွန်းသောအလင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးအတွက်ဘုန်းအသရေဖြစ်သော လူအပေါင်းတို့ရှေ့၌ပြင်ဆင်ထားသည့် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း အကျွန်ုပ်၏မျက်စိဖြင့် မြင်ရပါပြီ”ဟု ဆိုလေ၏။
ထိုအခါ လူသားအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်”ဟု ပရောဖက်ဟေရှာယဟောပြောထားသောကျမ်းတွင်ရေးထားသည့်အတိုင်းဖြစ်၏။
စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
သူတို့ကို မကြောက်နှင့်။ ဖာရောမင်းကြီးနှင့် အီဂျစ်လူမျိုးအပေါင်းတို့၌ သင်၏ဘုရားသခင်ထာဝရဘုရားပြုတော်မူခဲ့သည့်အမှုကိုအောက်မေ့လော့။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။
ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။