Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 2:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အို ယာကုပ်​အမျိုးအနွယ်​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​၏​အလင်း​တော်​၌ လျှောက်လှမ်း​ကြ​ကုန်​စို့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ယာ​ကုပ်​၏​သား​မြေး​တို့၊ ယ​ခု​ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​လင်း ၌​ကျင်​လည်​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ချင်း ယာ ကုပ် အ နွယ် တို့၊ လာ ကြ။ ထာ ဝ ရ ဘု ရား၏ အ လင်း တော် တွင် ကျင် လည် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အို​ယာ​ကုပ် အ​မျိုး​သား​တို့၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​လင်း​တော်၌ ကျင်​လည်​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 2:5
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​ကို​သိ​သော​သူ​တို့​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း​၊ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​၌ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း တည်မြဲတည်​စေ​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​ကို သိကျွမ်း​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ထဲ၌ သွားလာ​ကြ​ပါ​၏​။


သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​၌ တစ်နေ့လုံး​ရွှင်လန်း​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​ကြ​ပါ​၏​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


ကျယ်လောင်​စွာ​ဟစ်ကြော်​လော့​။ ထိန်းချုပ်​မ​ထား​နှင့်​။ တံပိုးမှုတ်သံ​ကဲ့သို့ သင်​၏​အသံ​ကို​လွှင့်​၍ ငါ့​လူမျိုး​တော်​တို့​အား သူ​တို့​ကျူးလွန်​သော​အပြစ်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုးအနွယ်​အား သူ​တို့​၏​အပြစ်​များ​ကို​လည်းကောင်း ဖော်ပြ​လော့​။


မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။


အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


“ဘုရားသခင်​သည် အလင်း​ဖြစ်​တော်မူ​၍ ဘုရားသခင်​၌ မှောင်မိုက်​ခြင်း​လုံးဝ​မ​ရှိ”​ဟူသော ဤ​သတင်း​စကား​သည် ကိုယ်တော်​ထံမှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြောကြား​သော​သတင်းစကား​ဖြစ်​၏။


သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ