Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 7:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​တို့​ကို မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား ကြီးမြတ်​၍ အံ့ဩဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သို့​ဖြစ်​၍​ထို​လူ​မျိုး​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည် တန်​ခိုး​ကြီး​၍​ကြောက်​ရွံ့​ဖွယ်​သော​ဘု​ရား ဖြစ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သင် တို့ အ လယ် တွင် ရှိ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကြောက် ရွံ့ ဖွယ် ကောင်း သော မ ဟာ ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ ထို လူ မျိုး တို့ အ တွက် အံ့ အား မ သင့် ကြ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သူ​တို့​ကြောင့် ထိတ်​လန့်​ခြင်း​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ တန်​ခိုး​ကြီး၍ ကြောက်​မက်​ဖွယ်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 7:21
35 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ဘက်​၌ လူအင်အား​ရှိ​၏​။ ငါ​တို့​ဘက်​တွင်​မူ စစ်ပွဲ​၌​ငါ​တို့​ကို​ကူညီ​တိုက်ခိုက်​ပေး​မည့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ရှိ​၏​”​ဟု အားပေးစကား​ပြော​၏​။ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​၏​စကား​ကြောင့် လူ​တို့ အားမာန်​ပြည့်လာ​ကြ​၏​။


ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။


ငါ​သည် အခြေအနေ​သုံးသပ်​ကြည့်​ပြီးနောက် ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​ရန်သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ ကြီးမြတ်​၍​ကြောက်ရွံ့ရိုသေ​ရ​သော​ဘုရားသခင်​ကို သတိရ​ကြ​လော့​။ သင်​တို့​၏​ညီအစ်ကို​၊ သား​သမီး​၊ ဇနီး​များ စသော​ကိုယ့်​အိမ်သား​များ​အတွက် တိုက်ပွဲဝင်​ကြ​လော့​”​ဟု ဆို​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။


ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။


လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


အကြောင်းမူကား အမြင့်ဆုံး​သော​အရှင် ထာဝရဘုရား​သည် အံ့ဩဖွယ်​အရှင်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အုပ်စိုး​သော ကြီးမြတ်​သည့်​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် လူမျိုး​တော်​အား အစွမ်းသတ္တိ​နှင့်​ခွန်အား​များ​ကို​ပေး​တော်မူ​၏​။ ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ မည်သူ​သည် ကိုယ်တော်​ကဲ့သို့ ခွန်အားကြီး​ပါ​သနည်း​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သစ္စာ​တော်​သည် ကိုယ်တော်​ကို​ဝန်းရံ​လျက်​ရှိ​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ဘုရား​ရှိသမျှ​တို့​ထက်​ကြီးမြတ်​တော်မူ​သော ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​အလယ်​၌ ငါ​ကိန်းဝပ်​မည်​၊ သူ​တို့​၏​ဘုရား​ဖြစ်​မည်​။


ထိုသို့ ငါ​သည်​အပြစ်​ဝန်ချ​၍ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​သည်​မှာ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​ဘုရား​ဖြစ်​ပါ​၏​။ ကိုယ်တော့်​ကို​ချစ်​၍ ပညတ်တော်​တို့​ကို စောင့်ထိန်း​သော​သူ​တို့​အပေါ် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့် မေတ္တာကရုဏာ​တော် တည်​ပါ​၏​။


ဗင်္ယာမိန်​အမျိုးအနွယ်​မှ ရာဖု​၏​သား ပါလတိ​၊


ဤ​ပြည်​၌​နေထိုင်​သော​သူ​တို့​အား ပြောပြ​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​အလယ်​၌ ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​ကို ကိုယ်တိုင်​မြင်​ရ​၍ ကိုယ်တော်​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​၌​တည်​လျက် နေ့​အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​အားဖြင့် ကိုယ်တော်​သည် သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​ကြောင်း​ကို​လည်းကောင်း ဤ​ပြည်သား​တို့​ကြား​ထား​ကြ​ပါ​ပြီ​။


သင်​တို့ တက်​မ​သွား​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​။


ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်​။ ထို​ပြည်​၌​ရှိ​သော​လူ​တို့​ကို​လည်း မ​ကြောက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ငါ​တို့​အစာ​ဖြစ်​၏​။ သူ​တို့​၌ အကာအကွယ်​ပေး​မည့်​သူ​မ​ရှိ​။ ငါ​တို့​၌ ထာဝရဘုရား​ရှိ​၏​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု ဆို​၏​။


ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​အမျိုး​၌ အမင်္ဂလာ​ကို​မ​မြင်​။ အစ္စရေး​လူမျိုး​၌ အခက်အခဲ​ပြဿနာ​ကို​မ​တွေ့​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ့​ထံ၌ ရှင်ဘုရင်​၏​ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​ကို​ကြား​ရ​၏​။


မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​အနည်းငယ်​သာ တည်နေ​သောအခါ​လည်း​ရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း စခန်းချ​ကြ​၏​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ခရီးပြု​ကြ​၏​။


သူ​၏​စိတ်နှလုံး​ထဲမှ ကွယ်ဝှက်​ထား​သော​အရာ​တို့​သည် ထင်ရှား​လာ​သဖြင့် “ဘုရားသခင်​သည် သင်​တို့​အလယ်၌ အမှန်​ရှိ​တော်မူ​၏”​ဟု ဝန်ခံ​လျက် ဘုရားသခင်​ကို ပျပ်ဝပ်​ရှိခိုး​လိမ့်မည်။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို သင်​တို့​ထံ အပ်​တော်မူ​ပြီ​။ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​သိမ်းပိုက်​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​’​ဟု ဆို​၏​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊


သင်​သည် ရန်သူ​တို့​ကို စစ်​သွားတိုက်​သောအခါ သင့်​ထက်​များပြား​သော မြင်း​များ​၊ စစ်ရထား​များ​၊ စစ်သည်​များ​ကို တွေ့​လျှင် သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ကို​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။


မြို့​၏​သက်ကြီးဝါကြီး​တို့​သည် သူ့​ကို​ခေါ်​ပြော​ရ​မည်​။ သူ​က​‘​အကျွန်ုပ်​သည် ဤ​မိန်းမ​ကို​မ​ယူ​လို​ပါ​’​ဟု အခိုင်အမာ​ဆို​လျှင်


ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။


တစ်ဖန် ယောရှု​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ မုချ​နှင်ထုတ်​တော်မူ​မည်​ဖြစ်ကြောင်း​ကို ဤသို့​အားဖြင့် သင်​တို့​သိ​ရ​မည်​။


တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ စစ်သည်​အပေါင်း​တို့​ကို​ခေါ်​ပြီး အာဣ​မြို့​သို့ ထ​၍​စစ်ချီ​လော့​။ ကြည့်ရှု​လော့​။ အာဣ​ဘုရင်​နှင့်တကွ သူ့​လူ​၊ သူ့​မြို့​၊ သူ့​မြေ​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။


ငါ​တို့​၌ အမင်္ဂလာ ဖြစ်​လေ​ပြီ​။ ဤ​တန်ခိုးကြီး​သော​ဘုရား​၏​လက်​မှ ငါ​တို့​ကို မည်သူ​ကယ်တင်​မည်နည်း​။ ဤ​ဘုရား​ကား တောကန္တာရ​၌ အီဂျစ်​လူမျိုး​တို့​ကို ကပ်ရောဂါ​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ