အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ကမ္ဘာဦး 5:22 - မြန်မာ့စံမီသမ္မာကျမ်း မသုရှလကိုရပြီးနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် အခြားသောသားသမီးများကိုရသေး၏။ Common Language Bible ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။- Garrad Bible မ သု ရှ လ ကို ရ ပြီး နောက် ဧ နောက် သည် အ နှစ် သုံး ရာ ပတ် လုံး ဘု ရား သ ခင် နှင့် အ တူ သွား လာ လျက် သား သ မီး များ ကို ရ သေး ၏။ Judson Bible မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
သခင်က ‘ငါသည် ထာဝရဘုရားရှေ့တော်၌ အသက်ရှင်လျှောက်လှမ်းခဲ့၏။ ထိုဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်၍ သင်၏ခရီးစဉ်ကို အောင်မြင်ခွင့်ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍ သင်သည် ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်တွင် ငါ့သားအတွက် မိန်းမကိုရှာရမည်။
အစ္စရေးသည် ယောသပ်အားကောင်းချီးပေးလျက် “ငါ့ဘိုးဘေးအာဗြဟံနှင့်ဣဇက်တို့ကိုးကွယ်သော ဘုရားသခင်၊ ငါ့အသက်တာတစ်လျှောက်လုံးတွင် ယနေ့တိုင်အောင် ငါ့ကိုထိန်းကျောင်းတော်မူသောဘုရားသခင်၊
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ငါသည် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ရှေ့မှောက်တွင် အသက်ရှင်လျှောက်လှမ်းမည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။
ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။
အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်တော်မူပြီ။ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌ အသက်၏အလင်းထဲတွင် လျှောက်လှမ်းနိုင်ရန် အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းနှင့် ကင်းစေတော်မူသည်မဟုတ်လော။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း အကျွန်ုပ်၏စိတ်ကိုစုစည်းတော်မူပါ။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါသည် သင်တို့အတွက် မုန့်ကို မိုးကောင်းကင်မှရွာကျစေမည်။ လူတို့သည် ထွက်၍ တစ်နေ့စာတစ်နေ့ကောက်ယူကြရမည်။ ဤသို့သောအားဖြင့် ငါ၏တရားတော်အတိုင်း သူတို့လိုက်လျှောက်မည်၊ မလိုက်လျှောက်မည်ကို ငါစမ်းသပ်မည်။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ငါသည် သင်တို့အလယ်၌ သွားလာ၍ သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။
လူမျိုးအပေါင်းတို့သည် မိမိတို့ဘုရားများ၏နာမ၌ အသီးသီးလိုက်လျှောက်ကြလိမ့်မည်။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားနာမတော်၌ ကာလအစဉ်အဆက်လိုက်လျှောက်ကြမည်။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
သူ့နှုတ်၌ မှန်ကန်သောသွန်သင်ချက် ရှိ၏။ သူ့နှုတ်ခမ်း၌ မတရားမှု မရှိ။ သူသည် ငါနှင့်အတူ သင့်မြတ်တည်ကြည်စွာ သွားလာနေထိုင်ပြီး လူအများကို ဒုစရိုက်လမ်းမှ ပြန်လှည့်လာစေ၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်ရမည်။ ကိုယ်တော်ကိုကြောက်ရွံ့၍ ပညတ်တော်ကိုစောင့်ထိန်းရမည်။ စကားတော်ကိုနားထောင်ရမည်။ ကိုယ်တော်ကိုဝတ်ပြု၍ ကိုယ်တော်၌ဆည်းကပ်ရမည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။
ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။