Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 6:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9-10 နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နော ဧ အ တ္ထု ပ္ပ တ္တိ ဟူ မူ ကား၊ နော ဧ သည် ကိုယ့် လက် ထက် ရှိ သူ တို့ အ နက် ဖြောင့် မတ် စုံ လင် သူ၊ ဘု ရား သ ခင် နှင့် အ တူ သွား လာ သူ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 6:9
34 ပူးပေါင်းရင်းမြစ်များ  

နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် သူ​တို့​တွင် သားသမီး​များ​မွေးဖွား​လာ​ကြ​၏​။


အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။


ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင်


အစ္စရေး​သည် ယောသပ်​အား​ကောင်းချီးပေး​လျက် “​ငါ့​ဘိုးဘေး​အာဗြဟံ​နှင့်​ဣဇက်​တို့​ကိုးကွယ်​သော ဘုရားသခင်​၊ ငါ့​အသက်တာ​တစ်လျှောက်လုံး​တွင် ယနေ့​တိုင်အောင် ငါ့​ကို​ထိန်းကျောင်း​တော်မူ​သော​ဘုရားသခင်​၊


အာဒံ​၏​သားစဉ်မြေးဆက်​စာရင်း​မှာ ဤသို့​ဖြစ်​၏​။ ဘုရားသခင်​သည် လူ​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ သူ့​ကို ဘုရားသခင်​နှင့်​တစ်ပုံစံတည်း​ပြုလုပ်​၍


မသုရှလ​ကို​ရ​ပြီးနောက် ဧနောက်​သည် အနှစ်​သုံး​ရာ​ပတ်လုံး ဘုရားသခင်​နှင့်အတူ​သွားလာ​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။


ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ဘုရားသခင်​သည် သူ့​ကို​ဆောင်ယူ​တော်မူ​သောကြောင့် သူ​သည်​မ​ရှိ​တော့​ပေ​။


နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။


တစ်ဖန် ထာဝရဘုရား​က နောဧ​အား “​ဤ​မျိုးဆက်​တွင် သင်​သည် ငါ့​ရှေ့​၌​ဖြောင့်မတ်​ကြောင်း ငါ​တွေ့မြင်​ရ​သည်​ဖြစ်၍ သင်​နှင့်တကွ သင့်​မိသားစု​တစ်စုလုံး သင်္ဘော​ထဲသို့​ဝင်​ကြ​လော့​။


ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ကိုယ့်​ဒုစရိုက်​ကို ကိုယ်​ရှောင်ကြဉ်​ပါ​၏​။


ရှောလမုန်​မင်းကြီး​က​လည်း “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် သစ္စာစောင့်​လျက်​၊ ဖြောင့်မတ်​လျက်​၊ စိတ်နှလုံး​မှန်ကန်​စွာ အသက်ရှင်​လျှောက်လှမ်း​ခဲ့​သဖြင့် ကိုယ်တော်​သည် သူ့​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ခဲ့​ပြီ​။ ဤ​ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကို ဆက်လက်​ပြသ​လျက် သူ့​သား​ကို သူ​၏​ရာဇပလ္လင်​ပေါ်တွင် ယနေ့ စံမြန်း​စေ​တော်မူ​လေ​ပြီ​။


အာသ​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​သော်လည်း သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​၏​စိတ်နှလုံး​သည် ပြည့်ဝစုံလင်​ခြင်း ရှိ​လေ​၏​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း စိတ်နှလုံး​အကြွင်းမဲ့​နှင့်​မ​ဟုတ်​ချေ​။


ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ယခုမှာ ငါ​သည် မိတ်ဆွေ​တို့ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​ရ​လေ​ပြီ​။ ဘုရားသခင်​ကို​ခေါ်​လျှင် ဘုရားသခင်​ထူး​သော​သူ​၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်​သော​သူ​သည် ပြက်ရယ်ပြုစရာ ဖြစ်​ရ​လေ​ပြီ​တကား​။


အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို မှတ်သားဆင်ခြင်​လော့​။ ဖြောင့်မှန်​သော​သူ​ကို ကြည့်ရှု​လော့​။ အကြောင်းမူကား ငြိမ်းချမ်း​ခြင်း​ဆောင်ကြဉ်း​သူ​အတွက် အနာဂတ်​ရှိ​၏​။


ဖြောင့်မတ်​သော​သူ​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သော​အချိန်​တွင် ကိုယ်တော်​သည် သူ​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။


သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


အမှန်စင်စစ် အပြစ်​မ​ပြု​ဘဲ ကောင်း​သော​အမှု​ကို​သာ​ပြု​သည့်​ဖြောင့်မတ်​သော​သူ​ဟူ၍ ကမ္ဘာမြေကြီး​ပေါ်၌​မ​ရှိ​။


ထို​ပြည်​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ စသော ပုဂ္ဂိုလ်​သုံး​ဦး​ရှိ​နေ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ​သူ​တို့ ကယ်တင်​နိုင်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပြည်​ထဲ​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ​တို့​ရှိ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ဘဝင်မြင့်​သော​သူ​၏​အတွင်းစိတ်​သည် ဖြောင့်မှန်​လေ့​မ​ရှိ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ယုံကြည်​ခြင်း​ကြောင့် အသက်ရှင်​ရ​လိမ့်မည်​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။


သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ယုံကြည်​ခြင်း​အပေါ်​အခြေခံ​လျက် ယုံကြည်​ခြင်း​သို့​ပို့ဆောင်​သည့်​ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​သည် ဤ​ကောင်းမြတ်​သော​သတင်း​၌​ထင်ရှား​လျက်​ရှိ​၏။


“ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​သောကြောင့် ပညတ်​တရား​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်​ကြောင်း သိသာ​ထင်ရှား​၏။


သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​သော​သူ ဖြစ်​ရ​မည်​။


နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။


သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။


ရှေးဟောင်း​ကမ္ဘာ​ကို​လည်း ညှာတာ​တော်​မ​မူ​ဘဲ ထို​ဘုရား​တရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်းမိုး​စေ​တော်မူ​၍ ဖြောင့်မတ်​ခြင်း​တရား​၏​သံတော်ဆင့်​ဖြစ်​သော​နောဧ​အပါအဝင် လူ​ရှစ်​ဦး​ကို စောင့်ရှောက်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ