“သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။
ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
အ ရှင့် ကျွန် ယာ ကုပ် လျှောက် စေ သည် မှာ ကျွန် တော် သည် လာ ဗန့် ထံ တည်း ခို၍ ယ ခု တိုင် အောင် နေ ခဲ့ ပါ ပြီ။
ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာတည်းခို၍၊ ယခုတိုင်အောင်နေပါပြီ။
“အကျွန်ုပ်တို့သခင်၊ အကျွန်ုပ်တို့စကားကိုနားထောင်ပါ။ သခင်သည် အကျွန်ုပ်တို့တွင် ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏အကောင်းဆုံးသင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းကိုသင်္ဂြိုဟ်ပါ။ အကျွန်ုပ်တို့၏သင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းသင်္ဂြိုဟ်မည်ကို တားမြစ်မည့်သူတစ်ယောက်မျှမရှိပါ”ဟု ပြန်ပြောကြ၏။
ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
ဣဇက်ကလည်း “ကြည့်ရှုလော့။ ငါသည် သူ့ကို သင်၏အရှင်သခင်ဖြစ်စေပြီ။ သူ၏ညီအစ်ကိုအပေါင်းတို့ကိုလည်း သူ၏အစေအပါးဖြစ်စေပြီ။ ကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်တို့ဖြင့်လည်း သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင့်အတွက် ငါဘာလုပ်ပေးနိုင်ဦးမည်နည်း”ဟု ဧသောအားပြန်ပြော၏။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။
အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။
သခင်သည် သခင့်အစေအပါးရှေ့မှ သွားနှင့်ပါ။ အကျွန်ုပ်မူကား စိရပြည်ရှိ သခင့်ထံသို့ ရောက်သည်အထိ ကလေးသူငယ်တို့နှင့် အကျွန်ုပ်ရှေ့၌သွားသောတိရစ္ဆာန်တို့ သွားနိုင်သမျှအတိုင်း တဖြည်းဖြည်းလိုက်လာပါမည်”ဟု လျှောက်လေ၏။
ဧသောက “ငါတွေ့ခဲ့သော ဤတိရစ္ဆာန်အစုစုတို့ကား အဘယ်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်သခင်၏ရှေ့၌ မျက်နှာရရန်အတွက်ဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။
သို့ဖြစ်၍ ဧသောသည် စိရပြည်တောင်ပေါ်ဒေသ၌ နေထိုင်လေ၏။ ဧသောသည် ဧဒုံဖြစ်၏။
စိရပြည်တောင်ပေါ်ဒေသ၌နေထိုင်သောဧဒုံလူမျိုး၏ဘိုးဘေးဖြစ်သည့် ဧသော၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။
သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
သူတို့သည် ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်းကြိုးကိုပတ်ပြီးလျှင် အစ္စရေးဘုရင်ထံသို့သွား၍ “အရှင့်အစေအပါးဗင်္ဟာဒဒ်က ‘ယခု အကျွန်ုပ်ကို အသက်ချမ်းသာပေးပါ’ဟု အသနားခံလိုက်ပါ၏”ဟု လျှောက်တင်၏။ ရှင်ဘုရင်က “ငါ့နောင်တော် အသက်ရှင်သေးသလော”ဟု ဆိုလျှင်
အာရုန်က “အကျွန်ုပ်၏သခင်၊ အမျက်ထွက်တော်မမူပါနှင့်။ ဤလူတို့သည် မကောင်းမှုကိုပြုတတ်ကြောင်း သခင်သိပါ၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။
ယခုသင်သည် သင်၏အိမ်နီးချင်းလက်သို့ ကျရောက်လေပြီ။ ထို့ကြောင့် ငါ့သား၊ ဤသို့ပြု၍ ကိုယ့်ကိုယ်ကိုယ်ကယ်နုတ်လော့။ သင်၏အိမ်နီးချင်းထံသွား၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက် ကြပ်ကြပ်တောင်းပန်လော့။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း”ဟု စိရတောင်ပေါ်မှနေ၍ ငါ့ကိုဟစ်ခေါ်လေ၏။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည်လည်း မည်သည့်ခြောက်လှန့်မှုကိုမျှမကြောက်ရွံ့ဘဲ ကောင်းသောအမှုကိုပြုလျှင် စာရာ၏သားသမီးများဖြစ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။
ရှောလုမင်းကြီးသည် ဒါဝိဒ်၏အသံကို မှတ်မိသဖြင့် “ဤအသံသည် ငါ့သား ဒါဝိဒ်၏အသံ မဟုတ်လော”ဟု အော်မေးရာ ဒါဝိဒ်က “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်အသံ ဟုတ်ပါ၏။