ကမ္ဘာဦး 27:29 - မြန်မာ့စံမီသမ္မာကျမ်း29 လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible29 တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 လူ မျိုး တို့ သည် သင့် ထံ ကျွန် ခံ၍ လူ စု တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင် သည် ညီ အစ် ကို တို့၏ အ ရှင် ဖြစ် လျက် သင့် အ မိ သား တို့ သည် သင့် ရှေ့ ဦး ညွှတ် ရ ကြ စေ သော။ သင့် ကို အ မင်္ဂ လာ ပေး သူ တို့ သည် အ မင်္ဂ လာ ခံ ရ ကြ စေ သော။ သင့် ကို မင်္ဂ လာ ပေး သူ တို့ သည် မင်္ဂ လာ ခံ ရ ကြ စေ သ တည်း ဟု ကောင်း ကြီး ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 သူတစ်ပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကိုခံရကြစေသတည်း။ သင့်ကို ကောင်းချီးပေးသောသူအပေါင်းတို့သည် ကောင်းချီးကိုခံရကြစေသတည်းဟု ကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးကိုရွေးနုတ်တော်မူသောအရှင်၊ ထိုလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားက လူတို့၏မထီမဲ့မြင်ပြုခြင်းခံရသော၊ လူမျိုးတကာတို့၏စက်ဆုပ်ရွံရှာခြင်းခံရသော၊ အုပ်စိုးသောမင်းတို့ထံ၌ကျွန်ခံရသောသူအား “သင့်ကိုရွေးချယ်တော်မူ၍ သစ္စာရှိတော်မူသော အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားကို ရှင်ဘုရင်တို့သည် မြင်၍ အကြီးအကဲတို့မတ်တတ်ရပ်ကြပြီး သူတို့အတူတကွ ရှိခိုးကိုးကွယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။