၃ ရာ 20:32 - မြန်မာ့စံမီသမ္မာကျမ်း32 သူတို့သည် ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်းကြိုးကိုပတ်ပြီးလျှင် အစ္စရေးဘုရင်ထံသို့သွား၍ “အရှင့်အစေအပါးဗင်္ဟာဒဒ်က ‘ယခု အကျွန်ုပ်ကို အသက်ချမ်းသာပေးပါ’ဟု အသနားခံလိုက်ပါ၏”ဟု လျှောက်တင်၏။ ရှင်ဘုရင်က “ငါ့နောင်တော် အသက်ရှင်သေးသလော”ဟု ဆိုလျှင် အခန်းကိုကြည့်ပါ။Common Language Bible32 ထို့နောက်သူတို့သည်ခါးတွင်လျှော်တေစည်း၍ လည်တွင်ကြိုးများပတ်ပြီးလျှင် အာဟပ်မင်း ထံသို့သွားရောက်ကာ``အရှင်၏အစေခံဗင်္ဟာ ဒဒ်ကသူ၏အသက်ကိုချမ်းသာပေးတော် မူရန်ပန်ကြားလိုက်ပါသည်'' ဟုလျှောက် ထားကြ၏။ အာဟပ်က``ငါ့နောင်တော်အသက်ရှင်သေး သလော'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible32 လျှော် တေ ဝတ် လျက် လည် တွင် ကြိုး ကွင်း စွပ် လျက် ဣ သ ရေ လ ဘု ရင့် ထံ တိုး လျှိုး ပြီး လျှင် ကိုယ် တော် ကျွန် ဗင်္ဟာ ဒဒ် က အ သက် ကို ချမ်း သာ ပေး တော် မူ ပါ ဟု တောင်း ပန် ကြောင်း နှင့် လျှောက် တင် ကြ သော်၊ ငါ့ နောင် တော် အ သက် ရှင် သေး သ လော ဟု မေး ရာ အခန်းကိုကြည့်ပါ။Judson Bible32 လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ရောက်လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟု မေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။