သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
ကမ္ဘာဦး 32:30 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။ Common Language Bible ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။- Garrad Bible ယာ ကုပ် က ငါ သည် ဘု ရား သ ခင် ကို မျက် မှောက် ထင် ထင် ဖူး မြင် ရ လျက် အ သက် ချမ်း သာ ရ ပေ သေး သည် ဟု ဆို၍ ထို အ ရပ် ကို ပေ နွေ လ ဟု သ မုတ် လေ ၏။ Judson Bible ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။ |
သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ထိုအခါ ကိုယ်တော်က “ငါကိုယ်တိုင်ကြွမည်။ သင့်ကို သက်သာခွင့်ပေးမည်”ဟု မိန့်တော်မူ၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
စစ်မြေပြင်၌စီးသောစစ်သည်ဖိနပ်၊ သွေးလူးသောအဝတ်ရှိသမျှတို့သည် လောင်စာဖြစ်ရကြလိမ့်မည်။
သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက်
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့်
ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။
ထိုကျေးဇူးတော်သည် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ပေါ်ထွန်းတော်မူခြင်းအားဖြင့် ယခုထင်ရှားလေပြီ။ ခရစ်တော်သည် သေခြင်းကိုပယ်ဖျက်၍ အသက်နှင့်တကွ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကို ကောင်းမြတ်သောသတင်းအားဖြင့် အလင်းသို့ယူဆောင်လာ၏။
သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။
ယောရှုသည် ဂျေရိခေါမြို့နားတွင်ရှိနေစဉ် မျှော်ကြည့်လိုက်သောအခါ လက်၌ဓားကိုင်ထားသောလူတစ်ယောက် သူ့ရှေ့၌ရပ်နေသည်ကို တွေ့၏။ ယောရှုကလည်း သူ့ထံသွား၍ “သင်သည် ငါတို့ဘက်ကလော၊ ရန်သူတို့ဘက်ကလော”ဟု မေးလေ၏။
ထို့ကြောင့် မာနော်က ထာဝရဘုရား၏ကောင်းကင်တမန်အား “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သင့်ကို ချီးမွမ်းထောမနာပြုရမည့်အကြောင်း သင်၏အမည်ကို သိပါရစေ”ဟု လျှောက်ဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်က သူ့အား “အဘယ်ကြောင့် ငါ့အမည်ကို မေးသနည်း။ ငါ့အမည်သည် အလွန်အံ့ဩဖွယ်ကောင်း၏”ဟု ပြန်ပြော၏။
ထို့နောက် သူသည် ထိုအရပ်မှ ပေနွေလမြို့သို့တက်သွား၍ ထိုမြို့သားတို့ကိုလည်း ထိုနည်းတူ တောင်းလေ၏။ ပေနွေလမြို့သားတို့သည်လည်း သုကုတ်မြို့သားတို့ပြန်ပြောသကဲ့သို့ သူ့ကိုပြန်ပြောကြ၏။