ကမ္ဘာဦး 32:30 - Common Language Bible30 ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible30 ယာ ကုပ် က ငါ သည် ဘု ရား သ ခင် ကို မျက် မှောက် ထင် ထင် ဖူး မြင် ရ လျက် အ သက် ချမ်း သာ ရ ပေ သေး သည် ဟု ဆို၍ ထို အ ရပ် ကို ပေ နွေ လ ဟု သ မုတ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။ အခန်းကိုကြည့်ပါ။ |
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။