ဧဖက် 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့် အခန်းကိုကြည့်ပါ။Common Language Bible17 သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။- အခန်းကိုကြည့်ပါ။Garrad Bible17-19 ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။