ကမ္ဘာဦး 28:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)- အခန်းကိုကြည့်ပါ။Garrad Bible19 ထို အ ရပ် ကို ဗေ သ လ အ မည် ဖြင့် မှည့် လေ ၏။ မြို့ အ မည် ဟောင်း ကား လု ဇ တည်း။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့်မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ အခန်းကိုကြည့်ပါ။ |
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။