အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ကမ္ဘာဦး 15:1 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထို နောက် ထာ၀ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် အာ ဗြံ၏ မ နော အာ ရုံ သို့ သွား ရောက်၍ အာ ဗြံ၊ မ ကြောက် နှင့်။ ငါ သည် သင်၏ ဒိုင်း လွှား သ ဖွယ် ဖြစ်၏။ သင်၌ အ ကျိုး ကျေး ဇူး ကြီး လှ မည် ဟု မိန့် တော် မူ လျှင်၊ Judson Bible ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူသာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ဤအရာများဖြစ်ပြီးသည့်နောက် တစ်စုံတစ်ဦးက အာဗြဟံအား “ကြည့်ပါ။ မိလခါသည်လည်း သင်၏ညီနာခေါ်အတွက် သားများကိုမွေးဖွားပေးလေပြီ။
ထိုည၌ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရားဖြစ်၏။ မကြောက်နှင့်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ ငါသည် သင့်ကိုကောင်းချီးပေး၍ ငါ၏အစေအပါးအာဗြဟံအတွက်ကြောင့် သင်၏သားစဉ်မြေးဆက်ကိုများပြားစေမည်”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။
ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဧလိယအား “သူနှင့်လိုက်သွားလော့။ သူ့ကို မကြောက်နှင့်”ဟု ဆိုသဖြင့် ဧလိယလည်း ထ၍ ထိုသူနှင့်အတူ ရှင်ဘုရင်ထံသို့ လိုက်သွားလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
အို အာရုန်၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုအမျိုးအနွယ်တို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ကွယ်ကာရာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ သူ့ကိုကျေးဇူးတော်ဖြင့် ဒိုင်းကာကဲ့သို့ ဝန်းရံကာကွယ်ထားတော်မူ၏။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဒိုင်းလွှားကိုကြည့်ရှုတော်မူပါ။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏မျက်နှာကို စေ့စေ့ကြည့်တော်မူပါ။
ကိုယ်တော်သည် မိမိ၏အတောင်တော်အမွေးဖြင့် သင့်ကိုအုပ်မိုးတော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်အောက်၌ ခိုလှုံရလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည် ဒိုင်းကာနှင့်ဒိုင်းလွှားဖြစ်၏။
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တန်ခိုးဖြင့်ကြွလာတော်မူ၏။ ကိုယ်တော်သည် လက်ရုံးတော်ဖြင့် အုပ်စိုးတော်မူ၏။ ကြည့်ရှုလော့။ ဆုလာဘ်သည် ကိုယ်တော်နှင့်အတူရှိ၏။ အဖိုးအခသည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။
မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
မကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။ ရှေးယခင်ကတည်းက သင်တို့ကို ငါပြောကြားခဲ့ပြီ၊ ကြားသိစေခဲ့ပြီမဟုတ်လော။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး အခြားဘုရားရှိသလော။ အခြားကျောက်ဆောင်မရှိ၊ ရှိသည်ကို ငါမသိ။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
“ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။
ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။
ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
မျက်စိပွင့်လျက် လဲကျသွားပြီး အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ
ထိုအခါ ကောင်းကင်တမန်က အမျိုးသမီးတို့အား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသောယေရှုကို ရှာနေကြသည်ကို ငါသိ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
ကောင်းကင်တမန်ကလည်း “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ကိုခံစားရလေပြီ။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။
သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
အားယူ၍ရဲရင့်ခြင်းရှိကြလော့။ မကြောက်ကြနှင့်။ သူတို့ကြောင့် မထိတ်လန့်ကြနှင့်။ အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွတော်မူမည်။ သင်တို့ကို ပစ်ထားတော်မူမည်မဟုတ်။ သင်တို့ကို စွန့်ပစ်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။
(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)