ဆာလံ 91:4 - မြန်မာ့စံမီသမ္မာကျမ်း4 ကိုယ်တော်သည် မိမိ၏အတောင်တော်အမွေးဖြင့် သင့်ကိုအုပ်မိုးတော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်အောက်၌ ခိုလှုံရလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည် ဒိုင်းကာနှင့်ဒိုင်းလွှားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible4 အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။