ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထာ ဝ ရ ဘု ရား သည် အာ ဗြံ အား ထင် ရှား တော် မူ ၍ ဤ ပြည် ကို သင့် အ မျိုး အ နွယ် အား ငါ ပေး မည် ဟု မိန့် တော် မူ သော် ထင် ရှား တော် မူ သော ထို အ ရပ်၌ ပူ ဇော် ရာ ပ လ္လင် တော် ကို ထာ၀ ရ ဘု ရား အ ဖို့ တည် ဆောက် ပြီး မှ၊
ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။
ထလော့၊ ဤမြေကို အလျားတစ်လျှောက်၊ အနံတစ်လျှောက် လျှောက်သွားလော့။ ထိုမြေကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
အာဗြံသည် ပျပ်ဝပ်လျက်နေ၏။ ဘုရားသခင်က
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
ထို့နောက် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ဧလဧလောအစ္စရေး ဟုခေါ်၏။
အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
ထာဝရဘုရား၏နာမတည်ရာ ကျောက်ယဇ်ပလ္လင်ကို တည်ပြီးလျှင် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မျိုးစေ့နှစ်စေအာလောက်ဆန့်သည့်မြောင်းတစ်ခုကို တူး၏။
ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။
“ခါနာန်ပြည်ကို သင်တို့အား အမွေဝေစုအဖြစ် ငါပေးမည်”ဟု မိန့်တော်မူခဲ့၏။
သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
“ဤပြည်ကို အမွေအဖြစ် ဤသူတို့အား အမည်စာရင်းအလိုက် ခွဲဝေပေးရမည်။
‘အီဂျစ်ပြည်မှထွက်လာသောသူတို့သည် ငါ့နောက်သို့လုံးလုံးမလိုက်သောကြောင့် ထိုပြည်ကို အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း အသက်နှစ်ဆယ်အရွယ်နှင့် အထက်ရှိသောသူတို့သည် ထိုပြည်ကို မြင်ရလိမ့်မည်မဟုတ်။
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။
ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုသည်နှင့်အညီ ဤပြည်ကား ‘သင်၏သားစဉ်မြေးဆက်တို့အား ငါပေးမည်’ဟု ကတိထားသောပြည်ဖြစ်၏။ သင့်မျက်စိဖြင့်တွေ့မြင်ခွင့်ကို ငါပေးသော်လည်း သင်သည် ထိုပြည်သို့ကူးသွားရမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားပေးမည်ဟု သင်တို့ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူ၍ သင်တို့မတည်ဆောက်ဘဲ တည်ဆောက်ပြီးသား သာယာဝပြောသောမြို့ကြီးများ၊
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။
အားယူ၍ရဲရင့်ခြင်းရှိလော့။ ဤပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်ကို သူတို့အား အမွေခွဲဝေပေးရမည်။
ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။
ထို့နောက် ယောရှုသည် ဧဗလတောင်ပေါ်၌ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။