Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 22:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့​ရောက်​သောအခါ အာဗြဟံ​သည် ထို​အရပ်​တွင် ယဇ်ပလ္လင်​ကို​တည်​၍ ထင်း​များ​ကို​စီ​ပြီးလျှင် မိမိ​သား​ဣဇက်​ကို​ချည်နှောင်​လျက် ယဇ်ပလ္လင်​အပေါ်​ရှိ ထင်း​များ​ပေါ်တွင် သူ့​ကို​တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဘု ရား သ ခင် မိန့် တော် မူ သော အ ရပ် သို့ ရောက် ကြ သော အ ခါ အာ ဗြ ဟံ သည် ပ လ္လင် တော် ကို တည် ၍ ထင်း ကို ပုံ ပြီး လျှင် သား ဣဇာက် ကို ချည် နှောင် လျက် ပ လ္လင် တော် ထက် ထင်း ပေါ် တွင် တင် ထား ပြီး သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 22:9
23 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် အာဗြံ​အား ကိုယ်ထင်ရှားပြ​၍ “​ဤ​ပြည်​ကို သင်​၏​အမျိုးအနွယ်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ အာဗြံ​သည်​လည်း မိမိ​အား ကိုယ်ထင်ရှားပြ​တော်မူ​သော​ထာဝရဘုရား​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို တည်​လေ​၏​။


ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။


ထို့ကြောင့် အာဗြံ​သည် သူ​၏​တဲ​ကို​ရွှေ့​၍ ဟေဗြုန်​မြို့​ရှိ မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ သွားရောက်​နေထိုင်​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။


ထို့နောက် အာဗြဟံ​သည် မိမိ​သား​ကို​သတ်​ရန် လက်​ကို​ဆန့်​၍ ဓား​ကို​ယူ​လေ​၏​။


အာဗြဟံ​က​လည်း “​ငါ့​သား​၊ ဘုရားသခင်​ကိုယ်တော်တိုင် မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကို​အသင့်ပြင်ဆင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ပြီးမှ သူ​တို့​နှစ်​ယောက်​သည် အတူတူ​ဆက်သွား​ကြ​၏​။


နောဧ​သည် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​ပြီးလျှင် စင်ကြယ်​သော​တိရစ္ဆာန်​အပေါင်း​တို့​နှင့် စင်ကြယ်​သော​ငှက်​အပေါင်း​တို့​ထဲက​ယူ​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ကို​ပူဇော်​ရာ


ထင်း​များ​ကို​စီ​ထား​ပြီး နွား​ကို​လည်း ခုတ်ပိုင်း​၍ ထင်းပုံ​ပေါ် တင်​၏​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​အား အလင်း​ကို​လည်း ပေး​တော်မူ​၏​။ ပွဲတော်​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​၏​ဦးချို​၌ ကြိုး​နှင့်​ချည်​ထား​ကြ​လော့​။


ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။


နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။


ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ သိုးသငယ်​သည် အမွေး​ညှပ်​သူ​ရှေ့၌ တိတ်ဆိတ်​စွာ​နေ​သကဲ့သို့ မိမိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။


ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။


ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


ခရစ်တော်​သည်​လည်း များစွာ​သော​လူ​တို့​၏​အပြစ်​များ​ကို​ဆောင်ယူ​သွား​ရန် မိမိ​ကိုယ်​ကို​တစ်ကြိမ်တည်း​ပူဇော်​ပြီးမှ ဒုတိယ​အကြိမ်​၌​ကား အပြစ်​အတွက်​မ​ဟုတ်​ဘဲ မိမိ​ကို​စောင့်မျှော်​နေ​သော​သူ​တို့​အား ကယ်တင်​ရန်​အတွက် ပေါ်ထွန်း​တော်မူ​လိမ့်မည်။


ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။


ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ