Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 32:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ‘​အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​တို့​သည် ငါ့​နောက်သို့​လုံးလုံး​မ​လိုက်​သောကြောင့် ထို​ပြည်​ကို အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း အသက်​နှစ်ဆယ်​အရွယ်​နှင့် အထက်​ရှိ​သော​သူ​တို့​သည် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 32:11
9 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ကို သူ​တို့​တွေ့မြင်​ရ​ကြ​မည်​မ​ဟုတ်​။ ငါ့​ကို​မထီလေးစား​ပြု​သော​သူ​တစ်စုံတစ်ဦး​မျှ ထို​ပြည်​ကို​တွေ့မြင်​ရ​မည်​မ​ဟုတ်​။


ငါ့​အစေအပါး​ကာလက်​မူကား ခြားနား​သော​စိတ်ဝိညာဉ်​ရှိ​ပြီး ငါ့​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ငါ​သည် သူ​သွား​ခဲ့​သော​ပြည်​သို့ သူ့​ကို​ပို့ဆောင်​၍ သူ့​သားမြေး​တို့​သည် ထို​ပြည်​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​စစ်မှု​ထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို သူ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​”​ဟု မိန့်​တော်မူ​၏​။


‘​ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​သာယာဝပြော​သော​ပြည်​ကို ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​သည့် ဤ​လူ​တို့​တစ်ယောက်မျှ​မြင်​ရ​လိမ့်မည်​မ​ဟုတ်​။


ထို​ပြည်​ကို သင်​တို့​အား ငါ​ပေး​ပြီ​။ ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​မှစ၍ နောင်လာမည့်​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​သည်​နှင့်အညီ ဝင်​၍​သိမ်းပိုက်​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ