၁ ရာချုပ် 16:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။