၂ ရာချုပ် 20:7 - မြန်မာ့စံမီသမ္မာကျမ်း7 အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible7 ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ကိုယ် တော် သည် တိုင်း ရင်း သား တို့ ကို၊ လူ မျိုး တော် ဣ သ ရေ လ ရှေ့ နှင် ထုတ် လျက်၊ အ ဆွေ တော် အာ ဗြံ ဟံ ၏ သား စဉ် မြေး ဆက် တို့ အား၊ တိုင်း ပြည် ကို ပေး သနား တော် မူ ခဲ့ သည် မ ဟုတ် ပါ လော။ အခန်းကိုကြည့်ပါ။Judson Bible7 ဤပြည်၌နေဖူးသော သူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုးရှေ့မှ နှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။