အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
ယေဇကျေလ 5:13 - Common Language Bible ``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။- Garrad Bible ငါ၏ အ မျက် ဒေါ သ ပြေ ငြိမ်း၍၊ စိတ် တော် ဧ လိမ့် မည်။ ထို သို့ အ မျက် တော် ငြိမ်း သည့် ကာ လ စိတ် စေ တ နာ ထက် သန်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ ကြောင်း သိ ရ ကြ လ တ္တံ့။ Judson Bible ထိုသို့ ငါ့အမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။ |
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။ သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။ သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။ သင်တို့အနက်အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။''
ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။
``မြို့ရိုးနှင့်တကွယင်းကိုထုံးသုတ်ပေး ကြသူတို့သည် ငါ၏အမျက်တော်ဒဏ်ကို ခံရကြလိမ့်မည်။ ထိုအခါမြို့ရိုးကား ပြိုပျက်လေပြီ။ ယင်းကိုထုံးသုတ်ပေးကြ သူများနှင့်ယေရုရှလင်မြို့တွင်အစစ အရာရာအေးငြိမ်းမှုမရှိဘဲ အေးငြိမ်း သောရူပါရုံကိုမြင်ပါသည်ဟုဆိုကြ သောပရောဖက်များသည် မြို့ရိုးများနည်း တူပျက်စီးဆုံးပါးကြပြီ'' ဟုသင်တို့ အားငါပြောမည်ဟူ၍ဖြစ်၏။ ဤကား ထာဝရဘုရားမိန့်မြွက်တော်မူသော စကားဖြစ်သတည်း။
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
ထိုနောက်ငါသည်အမျက်ပြေ၍တည်ငြိမ် လိမ့်မည်။ နောက်တစ်ဖန်အမျက်ထွက်တော့မည် မဟုတ်။ မနာလိုစိတ်လည်းရှိတော့မည်မဟုတ်။-
သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ထွက်ပြေးသောသူ၏စစ်သည်တော်များသည် စစ်ပွဲ၌ကျဆုံးကြလိမ့်မည်။ ကြွင်းကျန်သော သူတို့သည်လည်းအရပ်ရပ်သို့ကွဲလွင့်ကုန် ကြလိမ့်မည်။ ထိုအခါငါထာဝရဘုရား မိန့်တော်မူခဲ့ကြောင်းကို သင်တို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။
ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။-
အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-
ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။-
``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
အပြစ်ကူးလွန်သောဤသူတို့ကို တိုက်ခိုက် ၍ဆုံးမမည်။ အခြားနိုင်ငံများသည်စုပေါင်း ၍သူတို့ကိုတိုက်ခိုက်သဖြင့် သူတို့သည်မိမိ တို့၏များပြားသောအပြစ်များအတွက် ဒဏ်ခတ်ခြင်းခံကြရတော့မည်။
ထိုနောက်ကောင်းကင်တမန်သည်ငါ့အား၊``မြောက် အရပ်သို့သွားသည့်မြင်းတို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုပြေစေကြလေ ပြီ'' ဟုပြော၏။
ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။