ယေဇကျေလ 21:17 - Common Language Bible17 ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ လည်း လက် ပမ်း ပေါက် ခတ် လျက်၊ အ မျက် တော် ငြိမ်း စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ ပြီ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 ငါသည်လည်း လက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ ငါထာဝရဘုရားမိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ငါလက်ခုပ်တီးမည်။ ငါ့အမျက်ဒေါသလည်း ပြေသွားမည်’ဟူ၍ ငါထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'