Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:12 - Common Language Bible

12 ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို နှစ် ပေါင်း ခု နစ် ဆယ် ကုန် လွန် ပြီး နောက်၊ ငါ သည် ဗာ ဗု လုန် ဘု ရင် မှ စ ၍၊ လူ တစ် မျိုး လုံး ကို ခါ လ ဒဲ ပြည် ပါ၊ ချင်း တို့ ဒု စ ရိုက် အ တွက် အ စီ အ ရင် လာ လျက်၊ အ စဉ် ဆိတ် ညံ ရာ ဖြစ် စေ ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:12
26 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ကိမ်​နန်း​စံ​ချိန်​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း ဝင်​ရောက်​လာ​၏။ ယော​ယ​ကိမ်​သည်​လည်း​သုံး နှစ်​တိုင်​တိုင် သူ​၏​ထံ​တွင်​အ​ညံ့​ခံ​လျက်​နေ ပြီး​မှ​ပုန်​ကန်​လေ​၏။-


ပေ​ရ​သိ​ဘု​ရင်​ကု​ရု နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝရ​ဘုရား​သည် သူ့​အား အ​မိန့်​တော်​တစ်​ရပ်​ထုတ်​ဆင့်​စေ​တော်​မူ​၍​သူ ၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝန်း​လုံး​တွင်​ဖတ်​ကြား ကြေ​ညာ​စေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်​ထာ​ဝရ ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​သ​တည်း။


အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ဖြို​ဖျက်​ခြင်း​ခံ​ရ ပေ​လိမ့်​မည်။ ငါ​တို့​ကို​သင်​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​အ​တွက် သင့်​အား​လက်​စား​ချေ​သူ၊ သင်​၏​နို့​စို့​က​လေး​တို့​ကို​ကိုင်​၍​ကျောက်​ပေါ်​တွင် ဆောင့်​သတ်​သူ​သည်​မင်္ဂလာ​ရှိ​၏။


ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။-


ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


နိ​မ​ရိမ်​ချောင်း​သည်​ခန်း​ခြောက်​လျက် ချောင်း​နံ ဘေး​ရှိ​မြက်​တို့​သည်​လည်း​ခြောက်​သွေ့​ခဲ့​ပြီ ဖြစ်​၍​စိမ်း​စို​နေ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​မ​ရှိ​တော့​ပေ။-


အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-


ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။


ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပေ​တည်း။ အ​ခါ​တစ်​ပါး​က​လူ​တို့​သည်​ဗေ​လ​ဘု​ရား နှင့်​နေ​ဗော ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​သူ​တို့​ကို​မြည်း​များ​ပေါ်​တွင် တင်​၍၊ မော​ပန်း​နေ​သည့်​တိ​ရစ္ဆာန်​များ​သယ်​ဆောင်​ရန် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​ကြ​၏။


ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရ​မည့်​မင်း​စိုး​ရာ​ဇာ​တို့​အား ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​မ​ကြည့်​ရှု​ခဲ့၊ ငါ​၏​လူ​မျိုး​တော်​ကို နှင်​ထုတ်​ကွဲ​လွင့်​စေ​ခဲ့​ကြ​၏။ ယင်း​သို့​သင် တို့​ပြု​သည့်​မ​ကောင်း​မှု​များ​အ​တွက်​ငါ သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။''-


များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။


ထို​ဘဏ္ဍာ​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​ယူ​ဆောင် သွား​ပြီး​လျှင် ယင်း​တို့​အား​ငါ​တစ်​ဖန်​ဂ​ရု စိုက်​သည့်​အ​ချိန်​တိုင်​အောင်​ထို​မြို့​တွင်​ရှိ​နေ လိမ့်​မည်။ ထို​နောက်​ငါ​သည်​ထို​ဘဏ္ဍာ​များ​ကို ဤ​ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​ပြော​ကြား​လေ​သည်။


သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။


``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-


ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။


သူ​၏​နန်း​စံ​ပ​ထ​မ​နှစ်​၌​ငါ​ဒံ​ယေ​လ​သည် ကျမ်း​စာ​တော်​များ​ကို​လေ့​လာ​ကာ​ပ​ရော ဖက်​ယေ​ရ​မိ​အား ဘု​ရား​သခင်​မိန့်​တော်​မူ သည်​အ​တိုင်း​အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင် ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ရ​မည်​အ​ကြောင်း ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။-


သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ