Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:13 - Common Language Bible

13 ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လူ အ မျိုး မျိုး ကို ယေ ရ မိ ရည် ဆောင် ဟော ပြော ခဲ့ ရာ၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ သော အ ချက်၊ ထို ပြည် နှင့် ဆန့် ကျင် ဘက် ငါ မိန့် မှာ သ မျှ သော အ ချက် များ ကို၊ သင့် ရောက် စေ မည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထာဝရဘုရား​က ‘ဤ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ယေရမိ​ပရောဖက်ပြု​ဟောပြော​ခဲ့​သော​၊ ကျမ်းစာ​၌​ရေးထား​သမျှ​သော​စကား​များ​တည်းဟူသော ဤ​ပြည်​ကို​ရည်ဆောင်​၍ ငါ​ပြော​ခဲ့​သော​စကား​ကို ဤ​ပြည်​အပေါ် ကျရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:13
10 ပူးပေါင်းရင်းမြစ်များ  

ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။


လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``သင့်​ကို​ငါ​မိန့်​တော်​မူ သ​မျှ​သော​စ​ကား​တို့​ကို​စာ​စောင်​တွင်​ရေး မှတ်​၍​ထား​လော့။-


``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-


ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-


သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-


ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။


အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။


ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ