ယေရမိ 25:14 - Common Language Bible14 များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 လူ မျိုး ခြား အ မြောက် အ မြား နှင့် ဘု ရင် မင်း မြတ် တို့ စေ စား ကြ၍၊ ချင်း တို့ အ ကျင့် အ ကြံ အ ပြု အ မူ များ အ တိုင်း၊ ငါ ဆပ် ပေး မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 များစွာသောလူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့်အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-