Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထာဝရဘုရား​က ‘ဤ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ယေရမိ​ပရောဖက်ပြု​ဟောပြော​ခဲ့​သော​၊ ကျမ်းစာ​၌​ရေးထား​သမျှ​သော​စကား​များ​တည်းဟူသော ဤ​ပြည်​ကို​ရည်ဆောင်​၍ ငါ​ပြော​ခဲ့​သော​စကား​ကို ဤ​ပြည်​အပေါ် ကျရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လူ အ မျိုး မျိုး ကို ယေ ရ မိ ရည် ဆောင် ဟော ပြော ခဲ့ ရာ၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ သော အ ချက်၊ ထို ပြည် နှင့် ဆန့် ကျင် ဘက် ငါ မိန့် မှာ သ မျှ သော အ ချက် များ ကို၊ သင့် ရောက် စေ မည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:13
10 ပူးပေါင်းရင်းမြစ်များ  

ငါ့​နှုတ်​မှ​ထွက်​သော​စကား​သည်​လည်း ထိုနည်းတူ​ဖြစ်​မည်​။ ငါ့​ထံသို့​အချည်းနှီး ပြန်လာ​မည်​မ​ဟုတ်​။ ငါ့​အလို​ကို ပြည့်စုံ​စေ​မည်​။ ငါ​စေခိုင်း​သော​အမှု​ကို အောင်မြင်​စေ​မည်​။


လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


“​သင့်​ကို အမိ​ဝမ်း​ထဲမှာ ပုံ​မ​သွင်း​မီ​ကပင် သင့်​ကို​ငါ​သိ​၏​။ သင်​မ​မွေး​မီ​ကပင် သင့်​ကို​ငါ​သန့်ရှင်း​စေ​ပြီ​။ လူမျိုးတကာ​တို့​အတွက် ပရောဖက်​အဖြစ် ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​သော်


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “သင့်​အား ငါ​မိန့်ဆို​သော​စကား​တို့​ကို စာလိပ်​တွင် ရေးမှတ်​ထား​လော့​။


“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။


သင်​သည် ယုဒ​ဘုရင်​ယောယကိမ်​အား ‘သင်​က ထို​စာလိပ်​ပေါ်တွင် ဘေဘီလုံ​ဘုရင်​အမှန်​လာ​၍ ဤ​ပြည်​ကို​ဖျက်ဆီး​မည်​။ ဤ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖယ်ရှား​ပစ်​မည်​ဟူ၍ အဘယ်ကြောင့် ရေးမှတ်​သနည်း​ဟု ဆို​လျက် စာလိပ်​ကို သင်​မီးရှို့​လေ​ပြီ​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​”​ဟု ဆင့်ဆို​ရ​မည်​။


ထိုအခါ ယေရမိ​သည် နေရိ​၏​သား ဗာရုတ်​ကို​ခေါ်​ပြီး ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​သည် စာလိပ်​တစ်လိပ်​ပေါ်တွင် ရေးမှတ်​လေ​၏​။


‘​ဖေရက်​’ ဟူသည်မှာ အရှင်မင်းကြီး​၏​နိုင်ငံ​ကို ခွဲ​ပြီး မေဒိ​နှင့် ပါးရှား​လူမျိုး​တို့​အား ပေး​တော်မူ​ပြီ​ဟူ၍ အနက်ရ​၏​”​ဟု ရှင်ဘုရင်​ရှေ့​၌ လျှောက်ထား​လေ​၏​။


မေဒိ​ဘုရင် ဒါရိ​မင်းကြီး​သည် အသက်​ခြောက်ဆယ့်​နှစ်​နှစ်​ခန့်​တွင် ထို​နိုင်ငံ​ကို သိမ်းယူ​လေ​၏​။


ထိုအခါ “သင်​သည် များစွာ​သော​လူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာ​စကား၊ ရှင်ဘုရင်​များ​နှင့်​ပတ်သက်၍ ထပ်မံ ပရောဖက်ပြု​ဟောပြော​ရ​မည်”​ဟူ​သော​အမိန့်​ကို ငါ​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ