Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 6:10 - Common Language Bible

10 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ငါ​ကြို​တင်​သ​တိ​ပေး​ချက်​များ​သည် အ​ချည်း​နှီး​ကြုံး​ဝါး​ချက်​များ​မ​ဟုတ် ကြောင်း​ကို​လည်း​ကောင်း သူ​တို့​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို လည်း ကောင်း၊ ဤ ဘေး သင့် စေ မည် ဟူ သော၊ ငါ မိန့် ဆို ချက် အ ချည်း နှီး မ ဖြစ် ကြောင်း ကို လည်း ကောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​သို့​သော​အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်​ဟု၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချည်း​နှီး​မိန့်​တော်​မူ​သည် မ​ဟုတ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ငါ​သည် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်ဆို​သည်​မှာ အကြောင်းမဲ့​မ​ဟုတ်​။ ဤနည်းဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 6:10
11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သင်​တို့​အ​ချို့​သည်​အသက်​ဘေး မှ​လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​မှ​ယု​ဒ​ပြည် သို့​ပြန်​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည် သို့​လာ​ရောက်​ကြ​သော​ယု​ဒ​ပြည်​သူ​အ​ကြွင်း အ​ကျန်​များ​သည် မိ​မိ​တို့​စ​ကား​နှင့်​ငါ့ စ​ကား၊ မည်​သည်​က​မှန်​၍​နေ​သည်​ကို​သိ ရှိ​ကြ​လိမ့်​မည်။-


ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။


သင့်​အား​ငါ​စီ​ရင်​ပြီး​ချိန်​၌​သင်​သည်​ရဲ စွမ်း​သတ္တိ​ရှိ​ဦး​မည်​လော။ မိ​မိ​လက်​ကို​ပင်​မြှောက် နိုင်​ရန်​ခွန်​အား​ရှိ​ပါ​ဦး​မည်​လော။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ငါ​သည်​မိ​မိ​၏​စ​ကား အ​တိုင်း​ပြု​မည်။-


``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-


နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။


သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ပြည်​နှင်​ဒဏ် ခံ​ရ​သူ​များ​ကဲ့​သို့​နေ​ရ​ကြ​လိမ့်​မည်။ ထို အ​ခါ​လွတ်​မြောက်​လာ​သူ​တို့​သည်​ငါ့​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​၏​သစ္စာ​မဲ့ သော​စိတ်​နှ​လုံး​ဖြင့်​ငါ့​အား​စွန့်​ပယ်​ကာ ရုပ်​တု တို့​ကို​ငါ့​ထက်​ပို​၍​မြတ်​နိုး​ကြ​သည့်​အ​တွက် ငါ​သည်​အ​ဘယ်​မျှ​ဝမ်း​နည်း​ကြောင်း​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် ယုတ်​မာ​မှု​များ​အ​တွက် မိ​မိ​တို့​ကိုယ်​ကို စက်​ဆုပ်​ရွံ​ရှာ​လာ​ကြ​လိမ့်​မည်။-


ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။-


ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ