တရားဟော 32:36 - Common Language Bible36 ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible36 လက် ရုံး တန် ခိုး အား လျော့ သည် ကိုလည်း ကောင်း၊ အ ကျဉ်း သား၊ အ လွတ် သား မ ကျန် သည် ကိုလည်း ကောင်း၊ ရှု မြင် တော် မူ ရာ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း တို့ အ တွက် စိတ် တော် ပြောင်း လဲ၍ လူ မျိုး တော် ဘက်၌ တ ရား စီ ရင် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible36 ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတစ်ယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။