Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 13:15 - Common Language Bible

15-16 ``မြို့​ရိုး​နှင့်​တ​ကွ​ယင်း​ကို​ထုံး​သုတ်​ပေး ကြ​သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​မြို့​ရိုး​ကား ပြို​ပျက်​လေ​ပြီ။ ယင်း​ကို​ထုံး​သုတ်​ပေး​ကြ သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​စ​စ အ​ရာ​ရာ​အေး​ငြိမ်း​မှု​မ​ရှိ​ဘဲ အေး​ငြိမ်း သော​ရူ​ပါ​ရုံ​ကို​မြင်​ပါ​သည်​ဟု​ဆို​ကြ သော​ပ​ရော​ဖက်​များ​သည် မြို့​ရိုး​များ​နည်း တူ​ပျက်​စီး​ဆုံး​ပါး​ကြ​ပြီ'' ဟု​သင်​တို့ အား​ငါ​ပြော​မည်​ဟူ​၍​ဖြစ်​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သော စ​ကား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15-16 သို့ မှ၊ နံ ရံ နှင့် တ ကွ၊ ထုံး သုတ် သူ တို့ အ ပေါ်၌ အ မျက် တော် ငြိမ်း ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ ရာ ရူ ပါ ရုံ များ ကို မြင် လေ ဟန် ဟော ပြော သူ၊ ဣ သ ရေ လ လူ မျိုး ပ ရော ဖက် တည်း ဟူ သော ထုံး သုတ် သူ တို့ သည်၊ နံ ရံ ပါ ပ ပျောက် ပြီး ဖြစ် ကြောင်း၊ သင် တို့ အား ဆုံး မ မည် ဟု ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သို့ အုတ်​ရိုး၌​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော သူ​တို့၌​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​အ​မျက်​ကို ဖြေ​မည်။ အုတ်​ရိုး​မ​ရှိ ဟူ၍​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုသို့ မြို့ရိုး​နှင့် မြို့ရိုး​ကို​ထုံးဖြူ​သုတ်​သော​သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​မည်​။ ထို့နောက် မြို့ရိုး​မ​ရှိ​၊ ထုံးဖြူ​သုတ်​သော​သူ​တို့​လည်း မ​ရှိ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 13:15
8 ပူးပေါင်းရင်းမြစ်များ  

သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။


သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။


သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။


မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။-


သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-


ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-


အုတ်​မြစ်​များ​အ​တိုင်း​သား​ပေါ်​လာ​စေ ရန်​ရည်​ရွယ်​လျက် ငါ​သည်​ပ​ရော​ဖက်​တို့ ထုံး​သုတ်​ထား​သည့်​မြို့​ရိုး​ကို​ဖြို​ချ​ချိုး ဖဲ့​မည်။ မြို့​ရိုး​ပြို​ကျ​သော​အ​ခါ သင်​တို့ သည်​ပိ​၍​သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ