ဟေရှာယ 1:24 - Common Language Bible
24 သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထို့ ကြောင့် ဗိုလ် ခြေ တို့ သ ခင်၊ ဣ သ ရေ လ၏ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား ထား တော် မူ သော ဗျာ ဒိတ် တော် မှာ၊ ရန် သူ တို့ ကို ငါ လက် စား ချေ ရ မှ၊ ရန် ဘက် တို့ အ ပေါ် တွင် စိတ် ကြေ နပ် လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ