ယေဇကျေလ 21:22 - Common Language Bible22 ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 လမ်း ဆုံ လမ်း ခွ၌ ရပ် နေ၍ စ နည်း နာ ရာ တွင်၊ ယေ ရု ရှ လင် မြို့ ရှေ့ သစ် မောင်း ဆင် ခြင်း၊ လုပ် ကြံ ရာ၌ အောင် သံ ပေး ခြင်း၊ အ သံ လွှင့်၍ ကြိမ်း ပ ခြင်း၊ မြို့ တံ ခါး များ ရင် ဆိုင် သစ် မောင်း ဆင် ခြင်း၊ က တုတ် လှန် ခြင်း၊ ရင် တား တည် ခြင်း များ ကို ပြု ရန်၊ လက်ျာ လက် ဖြင့် စ နည်း ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှာလည်းကောင်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှာလည်းကောင်း၊ ကြွေးကြော်အော်ဟစ် စေခြင်းငှာလည်းကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှာလည်းကောင်း၊ လက်ယာဘက်၌ ယေရုရှလင်မြို့အဖို့ ဗေဒင်တွက်၍ နေရာကျ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-
ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။