သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
၃ ယော 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူတို့ထံမှ မည်သည့်အကူအညီကိုမျှ မယူဘဲ သခင်ဘုရား၏နာမတော်အတွက် ခရီးပြုကြသောကြောင့်ဖြစ်၏။ Common Language Bible သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။- Garrad Bible လူ မျိုး ခြား တို့ ထံ မှ အ လှူ မ ခံ ဘဲ နာ မ တော့် အ တွက် ကြောင့် သူ တို့ ထွက် သွား ကြ သည့် အ လျောက်၊ Judson Bible အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် သာသနာပလူမျိုးခြားတို့ထံမှ မည်သည့်အရာကိုမျှမယူဘဲ နာမတော်အတွက်ခရီးပြုကြ၏။ |
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုသို့ဖြင့် ကွဲလွင့်ပျံ့နှံ့သွားသောသူတို့သည် ရောက်ရှိရာအရပ်သို့လှည့်လည်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။
ကျွန်ုပ်အား ငွေကြေးထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုးကို သင်တို့အား မပေးခဲ့ခြင်းမှလွဲ၍ သင်တို့သည် အခြားအသင်းတော်များထက် ဂုဏ်ငယ်စရာအကြောင်းမရှိ။ ဤသို့ မမျှမတပြုခဲ့သည့်အတွက် ကျွန်ုပ်ကို ခွင့်လွှတ်ကြပါလော့။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အတိုင်းထက်အလွန်ချီးမြှောက်လျက် ဘွဲ့နာမအားလုံးထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးတော်မူ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားအတွက် ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်ရန် ထိုသို့သောသူများကို ကူညီထောက်ပံ့သင့်၏။