ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
၃ ယော 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။ Common Language Bible အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။ Garrad Bible ဥ က္က ဋ္ဌ ဖြစ် သူ ငါ က သ စ္စာ နှင့် ငါ ချစ် ခင် မြတ် နိုး သော ဂါ ယု ထံ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် ချစ်အပ်သောဂါယုကို ကြားလိုက်ပါ၏။ ငါသည် သင်၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။ |
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ကျွန်ုပ်သည် ကရိပ္ပုနှင့် ဂါယုမှလွဲ၍ သင်တို့ထဲက မည်သူ့ကိုမျှ နှစ်ခြင်းမင်္ဂလာမပေးခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
ချစ်ခင်ရသောသူ… သင်သည် စိတ်၏ချမ်းသာခြင်းရှိသကဲ့သို့ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ အရာရာ၌ ကြီးပွားတိုးတက်ပါစေကြောင်း ကျွန်ုပ်ဆုတောင်း၏။