Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ကျွန်ုပ်​သည် ကရိပ္ပု​နှင့် ဂါယု​မှလွဲ၍ သင်တို့​ထဲက မည်သူ့​ကိုမျှ နှစ်ခြင်းမင်္ဂလာ​မပေးခဲ့​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 က ရိ ပ္ပု နှင့် ဂါ ယု မှ တစ် ပါး သင် တို့ အ နက် မည် သူ့ ကို မျှ ငါ ဗ တ္တိ ဇံ မင်္ဂ လာ မ ပေး သ ဖြင့် ငါ့ နာ မ၌ ဗတ္တိ ဇံ မင်္ဂ လာ ပေး သည် ဟု တစ် စုံ တစ် ယောက် ပြော ဆို ခွင့် မ ရှိ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 က​ရိ​ပ္ပု​နှင့် ဂါ​ယု​မှ​တစ်​ပါး၊ သင်​တို့​တွင် အ​ဘယ်​သူ​အား​မျှ ဗ​တ္တိ​ဇံ​ကို ငါ​မ​ပေး​သည်​ဖြစ်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ရှိ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​သည် သင်​တို့​ထဲမှ ကရိပ္ပု​နှင့်​ဂါယု​တို့​မှတစ်ပါး အခြား​မည်သူ့​ကို​မျှ ဗတ္တိဇံ​မ​ပေး​ခဲ့​သောကြောင့် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:14
14 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​အား ယေရှု​ခရစ်တော်​၏​အမည်​နာမ​၌ နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ညွှန်ကြားလေ၏။ ထို့နောက် သူတို့​ကလည်း ပေတရု​အား ရက်​အနည်းငယ်​ဆက်​၍​နေ​ရန် မေတ္တာရပ်ခံကြ၏။


ဂျူးဝတ်ပြုဆောင်မှူး​ဖြစ်သော ကရိပ္ပု​သည် သူ​၏​အိမ်သူအိမ်သားများ​နှင့်တကွ သခင်ဘုရား​ကို ယုံကြည်၏။ အခြားသော​ကောရိန္သုမြို့သား​အမြောက်အမြားတို့​သည်လည်း ပေါလု​ဟောပြောသော တရားစကားများ​ကို ကြား​၍ ယုံကြည်​သဖြင့် နှစ်ခြင်းမင်္ဂလာ​ကို ခံယူကြ၏။


ကျွန်ုပ်​နှင့် အသင်းသား​အပေါင်းတို့​ကို ဧည့်ခံသော အိမ်ရှင်​ဂါယု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ကျွန်ုပ်တို့​၏​ညီ ကွာတု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​၏ အမည်​နာမ​ကို အမှီပြု​၍ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သည်​ဟု မည်သူ​မျှ ပြောစရာ​အကြောင်း​မရှိပေ။


ယေရှု​ခရစ်တော်​အားဖြင့် သင်တို့​အား ဘုရားသခင်​ပေးသော ကျေးဇူးတော်​ကို ထောက်​၍ သင်တို့​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ကျွန်ုပ်​အစဉ်​ကျေးဇူးတင်၏။


ကျွန်ုပ်​သည် အခြား​ဘာသာစကား​ကို သင်တို့​ထက်​ပို၍ ပြောဆို​ရ​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


သင်တို့​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​၏ အစိတ်အပိုင်းများ ဖြစ်​၍ ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးချယ်ခြင်း​ခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း​သည် သင်တို့​၏ နှလုံးသား​၌ စိုးမိုးပါစေသော။ ဘုရားသခင်​ကိုလည်း ကျေးဇူးတင်ကြလော့။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


မည်သည့်​အခြေအနေ​၌ပင် ဖြစ်စေ ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သင်တို့​သည် ဤသို့​ပြုရန် ဘုရားသခင်​အလိုတော်​ရှိ၏။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


ကျွန်ုပ်​သည် သင့်​အတွက် သတိရ​ဆုတောင်း​တိုင်း ကျွန်ုပ်​၏​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ