၂ သက် 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အဖိုးအခမပေးဘဲ မည်သူတစ်ဦးတစ်ယောက်၏ အစားအစာကိုမျှ မစားခဲ့ကြ။ သင်တို့တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်တို့ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ရောညပါ ကြိုးစား၍ အလုပ်လုပ်ခဲ့ကြ၏။ Common Language Bible ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။- Garrad Bible ငါ တို့ သည် မည် သူ့ ထံ၌ မျှ ဆွမ်း ခံ၍ မ စား။ သင် တို့ အ နက် မည် သူ့ အ ပေါ် တွင် မျှ ဝန် မ ဖြစ် စေ ရန် နေ့ ညဉ့် မ ပြတ် ပင် ပန်း စွာ လုပ် ကိုင် ကြိုး စား လျက် နေ ခဲ့ ကြ ၏။ Judson Bible အဘယ်သူ၏ အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။ |
လုပ်ငန်းချင်းတူသောကြောင့် သူတို့နှင့်အတူနေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့မှာ တဲချုပ်သူများဖြစ်ကြ၏။
ကျွန်ုပ်နှင့် လုပ်ဖော်ကိုင်ဖက်များ၏လိုအပ်သောအရာများအတွက် ကျွန်ုပ်ကိုယ်တိုင် အလုပ်လုပ်၍ ထောက်ပံ့နိုင်ခဲ့သည်ကို သင်တို့သိကြ၏။
မိမိတို့စားဝတ်နေရေးအတွက် မိမိတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ကိုင်ကြ၏။ မိမိတို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်အတိုင်း သင်တို့သည် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရန် ရည်မှန်းချက်ထား၍ မိမိတို့အရေးကိစ္စများကို အာရုံစိုက်လျက် မိမိတို့လက်ဖြင့် လုပ်ဆောင်လော့။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလူများကို မိမိဝမ်းစာအတွက် မိမိကိုယ်တိုင် အေးချမ်းစွာ ကြိုးစားရှာဖွေရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ညွှန်ကြားကာ တိုက်တွန်းနှိုးဆော်ကြ၏။