လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၂ သက် 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ Common Language Bible ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။ Garrad Bible ထို နေ့ တော်၌ သီး သန့် ထား တော် မူ သူ တို့ ကြောင့် ဘုန်း တော် ပွင့် ခွင့်၊ ငါ တို့ သက် သေ ခံ ချက် ကို ယုံ ကြည် သော သင် တို့ မှ စ၍ ယုံ ကြည် သူ ရှိ သ မျှ ကြောင့် ချီ မွမ်း ခွင့် ခံ ခြင်း ငှါ ကြွ လာ တော် မူ သော် ဆို ခဲ့ သော သူ တို့ သည် အ ရှင် ဘု ရား အ ထံ တော် နှင့် ဘုန်း ကြီး သော တန် ခိုး တော် မှ ပယ် လျက် ထာ ဝ ရ ပျက် စီး ဒဏ် ခံ ရ ကြ လ တ္တံ့။ Judson Bible ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့၊ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ထိုအခါ ဘုရင်က အခြွေအရံတို့အား ‘သူ၏ ခြေလက်တို့ကို ချည်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်လိုက်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆိုလေ၏။
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ထိုအခါ သခင်က ‘သင်တို့ အဘယ်ကလာသည်ကို ငါမသိ။ အို ဆိုးသွမ်းသောသူအပေါင်းတို့… ငါ့ထံမှ ထွက်သွားကြ’ ဟု ပြန်ပြောလိမ့်မည်။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌ တွေ့မြင်တော်မူသဖြင့် “ယခု သင်ကျန်းမာပြီ။ နောက်ထပ် အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ ဆိုးရွားသောဘေးဒုက္ခသည် သင့်အပေါ်ကျရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
လူတို့က “ငြိမ်းချမ်း၍ လုံခြုံသည်” ဟု ပြောနေသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် ဝေဒနာခံစားရသကဲ့သို့ ဘေးဒုက္ခသည် သူတို့အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့သည် လွတ်မြောက်ကြမည်မဟုတ်။
ထို့နောက် တရားမဲ့သူသည် ပေါ်လာလိမ့်မည်။ သို့သော် သခင်ယေရှုကြွလာတော်မူသောအခါ ထိုတရားမဲ့သူကို နှုတ်တော်ထွက်လေဖြင့် ဖျက်ဆီး၍ ဘုန်းရောင်ခြည်ဖြင့် ပယ်ရှားတော်မူလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
ထိုသူတို့သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်းကြောင့် လွင့်ပါသွားသော မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် အမှောင်မိုက်ဆုံးအမှောင်နေရာကို ပြင်ဆင်ထား၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
ထိုအခါ ရာဇပလ္လင်ဖြူကြီးနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်တော်မူသောအရှင်ကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်ရှေ့မှ ပျောက်ကွယ်သွား၍ ၎င်းတို့အတွက် နေရာမရှိတော့ပေ။
ထို့နောက် သေခြင်းနှင့် မရဏနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခံခဲ့ရ၏။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။