Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို​သူတို့​သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်း​ကြောင့် လွင့်ပါသွားသော မိုးတိမ်များ​ဖြစ်ကြ၏။ သူတို့​အတွက် အမှောင်မိုက်ဆုံး​အမှောင်​နေရာ​ကို ပြင်ဆင်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ရေ မ ရှိ သော စမ်း၊ လေ ပြင်း တိုက် သော နှင်း များ ဖြစ် ကြ သ ဖြင့် ချင်း တို့ အ ဖို့ မှောင် မိုက် အ တိ ဒဏ် ခံ ရန် ထား လျက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​သူ​တို့​သည် ရေ​မ​ရှိ​သော ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍ လွင့်​သော​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သူ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:17
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဘုရင်​က အခြွေအရံတို့​အား ‘သူ​၏ ခြေလက်တို့​ကို ချည်​၍ အပြင်ဘက်​အမှောင်​ထဲသို့ ပစ်လိုက်ကြလော့။ ထို​နေရာ​၌ သူသည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်’ ဟု ဆိုလေ၏။


ယခု ဤ​အသုံးမကျသော​အစေခံ​ကို အပြင်ဘက်​အမှောင်ထဲ​သို့ နှင်ထုတ်ကြလော့။ ထို​နေရာ​၌ သူ​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်’ ဟု ဆို၏။


နိုင်ငံတော်သားများ​ဖြစ်သော အစ္စရေးလူမျိုးတို့​မှာမူ အပြင်ဘက်​မှောင်မိုက်သော​အရပ်​သို့ နှင်ထုတ်ခံကြရ​လိမ့်မည်။ ထို​နေရာ​၌ သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


ထိတွေ့​စမ်းသပ်​နိုင်သော သိနတောင်​သို့ သင်တို့ ရောက်ကြသည်​မဟုတ်။ ထို​တောင်​သည် မီးတောက်လောင်​လျက် အုံ့မှိုင်း​နေ​ပြီး မှောင်မိုက်​ကာ မိုးသက်မုန်တိုင်း​ကျ​၍


ဘုရားသခင်​သည် အပြစ်​ကျူးလွန်သော​ကောင်းကင်တမန်များ​ကို​ပင်လျှင် ချမ်းသာ​ပေးတော်မမူဘဲ ငရဲ​ထဲသို့ ပစ်ချ​၍ တရားစီရင်မည့်​နေ့​တိုင်အောင် အမှောင်​ထဲ၌ သံကြိုး​နှင့် ချည်နှောင်​ကာ ထိန်းသိမ်း​ထားတော်မူ၏။


ထို့ပြင် မိမိတို့​ရရှိထားသည့်​အခွင့်အာဏာ​နှင့် မတင်းတိမ်ဘဲ နေရင်း​အရပ်​ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များ​အား ကိုယ်တော်​သည် တရားစီရင်တော်မူမည့်​နေ့ရက်ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​ဖြင့် အမှောင်​ထဲ၌ သံကြိုး​နှင့် ချည်နှောင်​ကာ ထိန်းသိမ်း​ထားတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ