ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
၂ ယော 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထဲတွင် တည်နေ၍ ကျွန်ုပ်တို့နှင့် အစဉ်မပြတ်ရှိနေမည့် သမ္မာတရားကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သမ္မာတရားသည် ငါ တို့စိတ်နှလုံးတွင်တည်နေလျက် ငါတို့နှင့် အတူအစဉ်မပြတ်ရှိမည်ဖြစ်သောကြောင့် တည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။ |
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
သတင်းကောင်းပျံ့နှံ့ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပြီး ထိုသတင်းကောင်း၏ အကျိုးကျေးဇူးများကို မျှဝေခံစား၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
ခရစ်တော်ကို သင်အမှန်တကယ်ယုံကြည်ကြောင်း ကျွန်ုပ်သတိရ၏။ သင့်အဖွားလောဣနှင့် သင့်မိခင်ဥနိတ်တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိကြောင်း ကျွန်ုပ်စိတ်ချယုံကြည်၏။
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကို သိပြီး သင်တို့ခံယူထားသော သမ္မာတရား၌ မြဲမြံနေပြီဖြစ်သော်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ သင်တို့အား အစဉ်သတိပေးရန် ကျွန်ုပ်ရည်ရွယ်ထား၏။
“ကျွန်ုပ်တို့၌ အပြစ်မရှိ” ဟု ဆိုပါက ကျွန်ုပ်တို့သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့၌ သမ္မာတရားမရှိ။
သားသမီးတို့… သင်တို့သည် ခမည်းတော်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် ခွန်အားကြီး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့၌ တည်လျက် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
လောကနှင့် ထိုလောကီတပ်မက်ခြင်းများသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူမှာမူ ထာဝရရှင်သန်လိမ့်မည်။