၁ ယော 1:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 “ကျွန်ုပ်တို့၌ အပြစ်မရှိ” ဟု ဆိုပါက ကျွန်ုပ်တို့သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့၌ သမ္မာတရားမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible8 ငါတို့သည်အပြစ်သားများမဟုတ်ဟုဆို ပါမူ ငါတို့သည်မိမိတို့ကိုယ်ကိုလှည့်စား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။- အခန်းကိုကြည့်ပါ။Garrad Bible8 အ ပြစ် မ ရှိ ဟု ငါ တို့ ဆို လျှင် ဟုတ် မှန် ခြင်း ကင်း လျက် ကိုယ် ကို လှည့် စား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။ အခန်းကိုကြည့်ပါ။ |
သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။