ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။
၂ တိ 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊ Common Language Bible သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊- Garrad Bible သ စ္စာ ဖျက် သူ၊ အ ဆော တ လျင် ပြု သူ၊ စော် ကား သူ၊ ဘု ရား ကို မြတ် နိုး သည် ထက် အ ပျော် အ မွေ့ ကို နှစ် သက် သူ။ Judson Bible သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- မြန်မာ့စံမီသမ္မာကျမ်း သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ |
ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
သူသည် ယေရှုကို ယုံကြည်ခါစလူ မဖြစ်ရ။ ထိုသို့မဟုတ်ပါက သူသည် ဘဝင်မြင့်လျက် မာရ်နတ်ခံရသည့်ပြစ်ဒဏ်အတိုင်း ခံရလိမ့်မည်။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။
ဤသူတို့သည် စိတ်ဝမ်းကွဲစေသောသူ၊ ဝိညာဉ်တော်ကို မရရှိသည့် လူ့ဗီဇစိတ်အလိုတိုင်းလိုက်သောသူများဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။